Monday, June 28, 2010

အခုပြောချင်တာက GOOGLE READERအကြောင်းပါ

Websiteတခုရဲ့  သတင်းအသစ်(new post )တွေကိုသိချင်ရင်  အဲဒီwebsite ကိုသွားကြည့်ရတယ်
websiteကတခုထက်ပိုရင် websiteတွေအများကြီးဖွင့်ကြည့်ရမယ့်အပြင် အချိန်လဲကုန်တာပေါ့.....
ဒါကြောင့် google reader ကိုသုံးပါမယ်
ဥပမာပြောရရင် www.google.comရဲ့  News pageကိုသွားပါ
အောက်နားမှာ RSS နဲ့ Atomကိုတွေ့ရင်  RSSကိုနှိတ်ပါ
Address Barမှာရှိနေတဲ့ link ကို copy ကူးပါ
ပြီးရင်....
reader.google.com ကို Address Barမှာရိုက်ပြီးသွားပါ
google readerရဲ့ pageကျလာပါလိမ့်မယ်......
 အဲဒီ့မှာ မိမိမှာရှိပြီးသား gmail username နဲ့  password ကိုရိုက်ြပီး ဝင်လိုက်ပါ

အခုန ကူးထားတဲ့ google news page linkကို  Add s subscription မှာ Addနှိပ်ပြီးထည့်ပါ
ဒါဆိုပြီးပါပြီ.....
google news page ရဲ့   new post မှန်သမျှ google reader မှာမြင်ရမှာပါ
အဓိကအချက်က google readerထဲထည့်မယ့်  website ဟာ  RSS (သို့မဟုတ်) Atom ရှိရမှာပါ.........

ကျော်လွှားခြင်းနည်းပညာများ

Websiteတွေ ဟိုကြည့်ဒီကြည့်၊ ဟိုရှာဒီရှာ လုပ်ရင်း Bypass Proxy အကြောင်း မြန်မာလိုရေးထားတဲ့ ebookလေးတွေ့ဒါနဲ့ Downloadဆွဲမိပါတယ်.............
ဖတ်ကြည့်တော့ တော်တော်လေးကောင်းပါတယ်............
ဒါနဲ့ဘဲ ကျွန်တော့် option-b websiteမှာ postလုပ်လိုက်ပါတယ်...............
ဖတ်မိတဲ့သူ အကျိုးရှိမယ်ဆိုရင် ကျေနပ်ပါတယ်..........


စာမြည်းလေး နည်းနည်းပေးပါမယ်။

ကျော်လွှားခြင်းနည်းပညာများ
ကျော်လွှားခြင်းနည်းပညာဆိုသည်မှာ အင်တာနက်စိစစ်မှုများအား ဖြတ်သန်းကျော်လွှားရာတွင် အသုံးပြုသောကိရိယာများ။
ဆော့ဖ်ဝဲနှင့်နည်းလမ်းများကို ဆိုလိုသည်၊ ယင်းနည်းပညာများတွင် ရှုပ်ထွေးဆန်းပြားသည့် ကွန်ပျူတာပရိုဂရမ်များနှင့်
အဆင့်ဆင့် လွယ်ကူစွာ လုပ်ဆောင်မှုမှသည် တားမြစ်ဝက်ဘ်ဆိုဒ်များအား တိုက်ရိုက်ဝင်ရောက်ခြင်းထက် ရှာဖွေရေး
အင်ဂျင်တွင် ယာယီသိုမှီးထားခြင်းများမှ တစ်ဆင့်ဝင်ရောက်ခြင်းမျိုးဖြစ်သော သာမန်နည်းလမ်းများအထိပါဝင်ပေသည်၊

ကျော်လွှားခြင်းစနစ် ပံ့ပိုးသူများ
အင်တာနက်စိစစ်မှုမရှိသည့်ဒေသမှ ကွန်ပျူတာတစ်လုံးတွင် ဆော့ဖ်ဝဲများတပ်ဆင်ထည့်သွင်းထားပီး အင်တာနက်စိစစ်ဖြတ်တောက်မှုကြုံတွေ့နေရသည့်ဒေသမှသုံးစွဲသူများ အဆိုပါကွန်ပျူတာနှင့်ဆက်သွယ်နိုင်စေရန် ချိတ်ဆက်မှုများကိုကျော်လွှားခြင်း ပံ့ပိုးသူများကဆောင်ရွက်ပေးလျက်ရှိသည်၊ ထိုသိုပံ့ပိုးသူများတွင်ကျော်လွှားခြင်းဝန်ဆောင်မှုများကိုအခကြေးငွေယှူုပံ့ပိုးပေးသည့်စီးပွားရေးအဖွဲ့အစည်းမှသည်အခမဲ့ ဆောင်ရွက်ပေးနေသည့်တစ်သီးပုဂ္ဂလများအထိပါဝင်ပေသည် ။

ကျော်လွှားခြင်းစနစ်သုံးစွဲသူများ
ကျော်လွှားခြင်းစနစ်သုံးစွဲသူများဆိုသည်မှာ အင်တာနက်ပေါ်မှ အကြောင်းအရာများကိုစိစစ်နေမှုများအားဖြတ်သန်းကျော်လွှားနိုင်သည့်နည်းပညာများသုံးစွဲလျက်ရှိသည့်ပုဂ္ဂိုလ်တစ်ဦးချင်းကို ဆိုလိုသည် ။

ကြိုက်ရင် Download လုပ်ယူပါ။
postများကိုကူးယူဖော်ပြချင်ပါက REMARKလုပ်ပေးပါရန်

Font Embed in Firefox 3.5

အရင်က စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လိုက်ဘူး.. ဒီနေ့မှပဲ စမ်းဖြစ်တာ….

ကျွန်တော်တို့တွေ web design တွေဆွဲတဲ့အခါမှာ font တွေကလည်း အရေးပါလှပါတယ်။ header ကို ဘာ font သုံးမယ်။ paragraph ကို ဘာ font သုံးမယ်ဆိုပြီး ကျွန်တော်တို့တွေ ရွေးချယ်ရတယ်။ အရင်က ကျွန်တော်တို့တွေမှာ ရွေးချယ်စရာ များများမရှိဘူး။ Windows မှာ default ပါတဲ့ font နဲ့ mac မှာ default ပါတဲ့ font တွေဖြစ်ဖို့ အရေးကြီးတယ်။ နောက်မို့ဆို ကိုယ့် design က မလှပဲ ဖြစ်သွားမယ်။ ဒါကြောင့် အများအားဖြင့် Verdana,Times New Roman,Tahoma,Arial,Georgia စတာတွေလောက်ပဲ ရွေးလို့ရတယ်။ အများကြီးရွေးချယ်စရာမရှိဘူးလေ။ သူတို့ စက်ထဲမှာ font မရှိရင် အလကားပဲ။ ဒါကြောင့် designer တွေကတော့ browser တွေထဲမှာ font embed ဖြစ်စေချင်ကြတယ်။

နောက်ပြီး ကျွန်တော်တို့ မြန်မာတွေ ဇော်ဂျီ စက်ထဲမှာ မရှိလို့ မမြင်ရဘူး။ မြန်မာ ၂ မရှိလို့မမြင်ရဘူး။ မြန်မာ ၃ မရှိလို့ မမြင်ရဘူး။ အဲလို ပြဿနာတွေ က ခဏခဏပါပဲ။ eot ကလည်း IE အတွက်ပဲရတယ်လေ။ ဒါကြောင့် အဆင်မပြေပြန်ဘူး။ နိုင်ငံတကာမှာလည်း သူတို့ ဘာသာစကားတွေကို default ပါတဲ့ font မဟုတ်ပဲနဲ့ အခြား ကိုယ်ပိုင် design font တွေနဲ့လည်း ထည့်သွင်းဖော်ပြစေချင်တာပဲ။ ဒါပေမယ့် user စက်ထဲမှာ font မသွင်းထားရင်လည်း မဖြစ်ပြန်ဘူးလေ။

firefox 3.5 , safari 3.1 , opera 10 မှာ အဲဒီ ပြဿနာတွေ ချုပ်ငြိမ်းအောင် ဖန်တီးလာနိုင်ပါပြီ။ ကျွန်တော်တို့တွေ css နဲ့ font embed လုပ်လို့ရလာပြီ။ ဘယ်လိုလုပ်မလဲဆိုတော့

@font-face {
font-family: a-remote-font-name;
src: source [,source]*;
[font-weight: weight];
[font-style: style];
}

a-remote-font-name ဆိုတာကတော့ font နာမည်ပေါ့။
source သူကတော့ font ရဲ့ source ပေါ့။ user စက်ထဲက ဟာကို ယူသုံးချင်ရင် local("Font Name") နဲ့ ခေါ်လို့ရတယ်။
နောက်ထပ် နှစ်ခုဖြစ်တဲ့ font-weight နဲ့ font-style ကတော့ optional ပါ။ font weight value နဲ့ style value ထည့်ပေးရုံပဲလေ။ သူတို့ ၂ လိုင်းကို မထည့်လည်းရတယ်။ [1]  ကဲ.. example လေး ကြည့်ရအောင်။

အဲဒါကတော့ css/style.css ပေါ့။
view plaincopy to clipboardprint?

1. @font-face
2. {
3. font-family:Zawgyi-one;
4. src:url(ZawgyiOne2008.ttf);
5. }
6. body
7. {
8. font-family: Zawgyi-one;
9. color:#343434;
10. }

@font-face
{
font-family:Zawgyi-one;
src:url(ZawgyiOne2008.ttf);
}
body
{
font-family: Zawgyi-one;
color:#343434;
}

အဲဒါကို HTML မှာ ပြန်ခေါ်တော့
view plaincopy to clipboardprint?

1. <link rel="stylesheet" type="text/css" href="css/style.css">
2.
3.
4. နေကောင်း

နေကောင်း

အဲဒါကို ဘာ font မှ မလိုပဲ ဇော်ဂျီ ပေါ်ပါတယ်။ အဓိကတော့ @font-face ကအဓိကပါပဲ။ တကယ်လို့ လိပ်စာနဲ့ခေါ်ချင်ရင်တော့ src မှာ
view plaincopy to clipboardprint?

1. @font-face
2. {
3. font-family:Zawgyi-one;
4. src:url(http://www.saturngod.net/ZawgyiOne2008.ttf);
5. }

@font-face
{
font-family:Zawgyi-one;
src:url(http://www.saturngod.net/ZawgyiOne2008.ttf);
}

ဒါဆိုရင် font ကို သွား download ချစရာမလိုပဲ browser ကပဲ သူ့ဘာသာသူ embed လုပ်ပြီး ပြပေးမှာပါ။ တနည်းပြောရင် font မရှိလည်း ကြည့်လို့ရပါတယ်။ ဒါဟာ web designer တွေအတွက် အရမ်းကောင်းမွန်တဲ့ အချက်လေးပါပဲ။ လေ့လာချင်သေးတယ်ဆိုရင်တော့

https://developer.mozilla.org/index.php?title=En/CSS/%40font-face

မှာ သွားပြီး ဖတ်နိုင်ပါတယ်ဗျာ။