အရင်ဆုံး ကိုယ်ပြောင်းချင်တဲ့ logo ပုံလေးကို ရှာပါ…အဲဒီပုံရဲ့ file type က .ico, သို့မဟုတ် .icl ဖြစ်ရပါမယ်….အဲဒီလို ပုံမရှိရင် ကိုယ်ကြိုက်တဲ့ပုံလေးကို paint ထဲမှာ သွားပြင်လို့လဲရပါတယ်…..
အရင် ဆုံး အဲဒီ ပုံလေးကို stick ထဲကို အရင်ကူးထည့်လိုက်ပါ….
ပြီးရင် Notepad ထဲမှာ ဒီစာလေးတွေကိုရိုက်ပါ
[Autorun]
icon=’youricon.ico’
လို့ရိုက်ပြီး အဲဒီ file ကို save လုပ်ပါ
*Save လုပ်တဲ့အခါ မှာ File name: ကို autorun.inf
File Type ကို all file နဲ့သိမ်းရပါမယ်။
youricon ဆိုတဲ့နေရာမှာ ကိုယ်ထည့်ချင်တဲ့ icon ရဲ့ နာမည် ရေးပေးရပါမယ် စမ်းကြည့်ပါဦး……
ပြီးရင် stick ကို ကွန်ပျူတာကနေဖြုတ်ပြီးပြန်ထိုးကြည့်ပါ ပုံလေးပြောင်းနေတာကိုတွေ့ရပါမယ်…..