Showing posts with label Window Start and Exit အသံပြောင်းကြမယ်. Show all posts
Showing posts with label Window Start and Exit အသံပြောင်းကြမယ်. Show all posts

Saturday, January 8, 2011

Window Start and Exit အသံပြောင်းကြမယ်

မိမိတို့ အသုံးပြုနေတဲ့ Window အတက်နဲ့ အပိတ်မှာ သူ့ မူရင်းအသံကို ရိုးလို့  မိမိကြိုက်တဲ့ အသံလေးတွေ ပြုလုပ်ပြီးထည့်ချင်သူတွေ အတွက်ပါ။ပြောင်လိုတယ်ဆိုရင်တော့ မိမိက အရင်ဆုံး ပြုလုပ်ရမှာ file type က .wav type ဖြစ်ရပါမယ်။ ဒါမှတာ မိမိပြောင်းလိုက်တာ effect ဖြစ်မှာပါ။လုပ်ပုံကတော့ ပထမနေနဲ့ 
control panel>>Sounds and Audio Devices >>Sounds
ထိ အရင်သွာလိုက်ပါ။အဲဒီမှာ အောက်ပိုင်း program events box ထဲမှာ ပြောင်းလဲပေးရမှာဖြစ်ပါတယ်
Window စတက်လာတဲ့ အခါမှာ ထွက်လာတဲ့ အသံကိုပြောင်းချင်တယ်ဆိုရင်တော့ Window start>>D-click
အောက်က sound box ရဲ့ ညာဘက်ဘေးက Browse ကနေ မိမိ ထည့်လိုသော .wav ကိုရှိရာအထိသွာပြီး ရွေလိုက်ရုံပါပဲ။
စက်ပိတ်လိုက်တဲ့ အခါမှာ ထွက်လာတဲ့ အသံကိုပြောင်လိုရင်တော့ Exit Windows ကိုရှာပြီး အပေါ်က နည်းအတိုင်းပဲ လုပ်ရုံပါ။ ဒါဆို မိမိရဲ့ Window system's sounds နောက်တစ်ကြိမ်စက်ပြန်တက်လာရင် ပြောင်းသွာတာကို တွေ့ ရပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ......