Monday, June 28, 2010

ကျော်လွှားခြင်းနည်းပညာများ

Websiteတွေ ဟိုကြည့်ဒီကြည့်၊ ဟိုရှာဒီရှာ လုပ်ရင်း Bypass Proxy အကြောင်း မြန်မာလိုရေးထားတဲ့ ebookလေးတွေ့ဒါနဲ့ Downloadဆွဲမိပါတယ်.............
ဖတ်ကြည့်တော့ တော်တော်လေးကောင်းပါတယ်............
ဒါနဲ့ဘဲ ကျွန်တော့် option-b websiteမှာ postလုပ်လိုက်ပါတယ်...............
ဖတ်မိတဲ့သူ အကျိုးရှိမယ်ဆိုရင် ကျေနပ်ပါတယ်..........


စာမြည်းလေး နည်းနည်းပေးပါမယ်။

ကျော်လွှားခြင်းနည်းပညာများ
ကျော်လွှားခြင်းနည်းပညာဆိုသည်မှာ အင်တာနက်စိစစ်မှုများအား ဖြတ်သန်းကျော်လွှားရာတွင် အသုံးပြုသောကိရိယာများ။
ဆော့ဖ်ဝဲနှင့်နည်းလမ်းများကို ဆိုလိုသည်၊ ယင်းနည်းပညာများတွင် ရှုပ်ထွေးဆန်းပြားသည့် ကွန်ပျူတာပရိုဂရမ်များနှင့်
အဆင့်ဆင့် လွယ်ကူစွာ လုပ်ဆောင်မှုမှသည် တားမြစ်ဝက်ဘ်ဆိုဒ်များအား တိုက်ရိုက်ဝင်ရောက်ခြင်းထက် ရှာဖွေရေး
အင်ဂျင်တွင် ယာယီသိုမှီးထားခြင်းများမှ တစ်ဆင့်ဝင်ရောက်ခြင်းမျိုးဖြစ်သော သာမန်နည်းလမ်းများအထိပါဝင်ပေသည်၊

ကျော်လွှားခြင်းစနစ် ပံ့ပိုးသူများ
အင်တာနက်စိစစ်မှုမရှိသည့်ဒေသမှ ကွန်ပျူတာတစ်လုံးတွင် ဆော့ဖ်ဝဲများတပ်ဆင်ထည့်သွင်းထားပီး အင်တာနက်စိစစ်ဖြတ်တောက်မှုကြုံတွေ့နေရသည့်ဒေသမှသုံးစွဲသူများ အဆိုပါကွန်ပျူတာနှင့်ဆက်သွယ်နိုင်စေရန် ချိတ်ဆက်မှုများကိုကျော်လွှားခြင်း ပံ့ပိုးသူများကဆောင်ရွက်ပေးလျက်ရှိသည်၊ ထိုသိုပံ့ပိုးသူများတွင်ကျော်လွှားခြင်းဝန်ဆောင်မှုများကိုအခကြေးငွေယှူုပံ့ပိုးပေးသည့်စီးပွားရေးအဖွဲ့အစည်းမှသည်အခမဲ့ ဆောင်ရွက်ပေးနေသည့်တစ်သီးပုဂ္ဂလများအထိပါဝင်ပေသည် ။

ကျော်လွှားခြင်းစနစ်သုံးစွဲသူများ
ကျော်လွှားခြင်းစနစ်သုံးစွဲသူများဆိုသည်မှာ အင်တာနက်ပေါ်မှ အကြောင်းအရာများကိုစိစစ်နေမှုများအားဖြတ်သန်းကျော်လွှားနိုင်သည့်နည်းပညာများသုံးစွဲလျက်ရှိသည့်ပုဂ္ဂိုလ်တစ်ဦးချင်းကို ဆိုလိုသည် ။

ကြိုက်ရင် Download လုပ်ယူပါ။
postများကိုကူးယူဖော်ပြချင်ပါက REMARKလုပ်ပေးပါရန်

No comments:

Post a Comment