Access Kit နဲ့ internet အသုံးပြုမယ်ဆိုရင်တော့
ဦးစွာ ပထမ Access Kit ဝယ်ရပါမယ်
15 နာရီကို 8500
30 နာရီ 1600
60 နာရီကိုတော့ 32000 (မသေချာပါ)
နဲ့ဝယ်ယူရပါမယ်။
နောက်ပြီး ဖုန်းလိုင်းနဲ့ modem ရှိပါမယ်...
modem ဈေးနှုန်းကတော့ internal modem ကို ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ပတ်ဝန်းကျင်ရှိပါတယ်..
Access Kit ထဲမှာ စာရွက်လေး တစ်ရွက်ရှိပါတယ်... Username နဲ့ password ပါ...
အဲဒါကိုရပြီဆိုရင်တော့ စတင် ဆောင်ရွက်ပါတော့မယ်...
Internet Explorer ကိုဖွင့်ပါ...
Tool > Internet Option ကိုဝင်ပါ...
Connections Tab ကိုပြောင်းလိုက်ပါ...
Dail up & Virtual Private Network Setting မှာ...
Add ဆိုတဲ့ button ကိုနှိပ်လိုက်ပါ...
Connect Using Dail-up Moderm ကိုရွေးပါ...
Next လုပ်ပါ..
နောက်ပြီး မိမိနှစ်သက်ရာနာမည်ပေးနိုင်ပါတယ်..
ကျွန်တော်ကတော့ ပုံမှန် Access Kit လို့ပေးလိုက်ပါမယ်..
Next လုပ်ပါ..
Phone Number ရိုက်ထည့်ခိုင်းပါလိမ့်မယ်..
146 လို့ရိုက်လိုက်ပါ..
Next လုပ်ပါ..
ပြီးရင် username နဲ့ password အပြင် confirm password ကိုရိုက်ထည့်ခိုင်းပါမယ်..
username ကိုတော့ စာရွက်မှာပါတဲ့ username ကိုရိုက်ပါ..
password ကော.. confirm password ကိုကော စာရွက်မှာပါတဲ့ password ကိုရိုက်ထည့်လိုက်ပါ..
Next လုပ်ပါ..
ပြီးရင် Finish လုပ်ပါ..
ဒါဆိုရင်..
Dail up & Virtual Private Network Setting မှာ...
Access Kit ဆိုတာလေး ပေါ်လာပါမယ်..
အဲဒါလေးကို select လုပ်လိုက်ပါ..
Settings Button ကိုနှိပ်လိုက်ပါ..
Proxy Server မှာ..
Address နဲ့ port ထည့်ရပါမယ်..
စာရိုက်ဖို့မပေါ်ရင်
အဲဒီနားမှာ Use a proxy server ဆိုတဲ့ check box လေးပါပါတယ်...
အဲဒါကို check လုပ်လိုက်ပါ..
Address မှာ..
cache-dial.bagan.net.m လို့ရိုက်ထည့်ပါ..
Port ကတော့
9090 ပါ...
့ပြီးရင် OK လုပ်ပါ...
ပြီးရင်..
General Tab ကိုသွားပါ..
Home Page ကို www.google.com လို့ရိုက်ထည့်ပါ..
ပြီးရင် OK လုပ်ပါ..
ဒါဆို စတင်ချိတ်လို့ရပါပြီ..
IE ရဲ့ Address Bar မှာ www.google.com လို့ရိုက်ထည့်လိုက်ပြီး
Enter နှိပ်လိုက်ပါ...
ဒါဆိုရင် connect လုပ်ခိုင်းပါမယ်..
connect လုပ်လိုက်ပြီး..
တီတီ.... ဂြီဂြီ လို့မြည်ပြီး..
connect လုပ်ခိုင်းတဲ့ box ပျောက်သွားပြီး
google page တက်လာပါမယ်..
ဒါဆိုစတင် အင်တာနက် အသုံးပြုနိုင်ပါပြီ...
No comments:
Post a Comment