Wednesday, March 17, 2010

Blog မှာ Running Title Bar လုပ်ကြည့်ရအောင်

var space = "-=- ";
var speed = "70";
var pos = 0;
var msg = "Welcome from My Web Blog";
function Scroll()

document.title = msg.substring(pos, msg.length) + space + msg.substring(0,pos);
pos++;
if (pos > msg.length) pos = 0;
window.setTimeout("Scroll()", speed);

Scroll();

var space = " (symbol)"; က ကိုယ့်ထည့်ချင်တဲ့ စာကြောင်းရဲ့ နောက်က လာမဲ့အရာပါ (ဥပမာ – :~: လိုပုံလေး ထည့်ထားရင် ပိုသိသာပါတယ်။)
var speed = "70″; ကတော့ ကိုယ့်ထည့်ထားတဲ့ စာကြောင်းလေး ပြေးနေမဲ့ အမြန်နှုန်းပါ။ (မြန်မြန်ပြေးချင်ရင် တန်ဖိုးလျှော့ချပေးရပါတယ်။)
var msg = "Welcome from My Web Blog"; ကတော့ ကိုယ်ထည့်ချင်တဲ့ Blog ရဲ့ လိပ်စာပဲဖြစ်ဖြစ် ၊ Information လေးတခုပဲဖြစ်ဖြစ် ၊ ကိုယ်ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ် ။
HTML coding အနေနဲ့ဆိုရင် အောက်မှာ ထည့်ရင် အဆင်ပြေပါလိမ့်မယ်။

Blogger များအတွက် Flash Animated Label Cloud

ကဲ ကျွန်တော့် ရဲ့ ဘလော်ဂါ ညီအစ်ကို မောင်နှမ အပေါင်းတို့ ထူးဆန်းလှပတဲ့ ဆိုဒ်ဘား အတွက် widget လေးတစ်ခု တွေ့မိလို့ ကိုယ့် ဘလောဂ်ဂါ ညီကိုမောင်နှမ အပေါင်းကို ဝေမျှ လိုက်တာပါ ...။

အရမ်းရိုးရှင်း လွယ်ကူပါတယ်ဗျာ ကုဒ်လေး တွေကို လိုတဲ့နေရာမှာ Copy & Paste လုပ်ပေးရုံပါပဲ..။

ကဲ ဒါဆို စလိုက်ကြရအောင်....
Blogger dashboard ကနေတဆင့် Layout>Edit HTML ထဲကို သွားလိုက်ပါ..

ပြီးသွားရင် ဟောဒီအောက်က ကုဒ်လေးကို တွေ့အောင် ရှာလိုက်ပါဗျာ...

<b:section class='sidebar' id='sidebar' preferred='yes'>

အိုကေ အဲဒီကုဒ်ကို တွေ့ပြီ ဆိုတာနဲ့ သူ့ရဲ့ အောက်မှာ ဒီကုဒ်လေး တွေ ကို Copy & Paste လုပ်ပြီး ဖြည့်ပေး ရုံပါပဲ...

<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
<b:if cond='data:title'>

<data:title/>

</b:if>

<b:include name='quickedit'/>

</b:includable>
</b:widget>

ဒါဆိုရင် ညီကို မောင်နှမ အပေါင်းတို့လဲ ကျွန်တော့်လိုပဲ အမြင်ဆန်းဆန်း ထူးခြားလှပတဲ့ Tag Cloud Label လေးတစ်ခုကို ပိုင်ဆိုင်ပြီပေါ့ ..

အော် တစ်ခုတော့ ရှိတယ်ဗျ သူက Post Label တွေကို မြန်မာလို ပေးထားရင် မမြင်ရတာ လေး တစ်ခုတော့ ချွင်းချက် ရှိတယ်ဗျ ကျွန်တော်လဲ အကုန် အင်္ဂလိပ် လိုတွေ လိုက်ပြောင်းလိုက် ရတယ် mrgreen လိုချင်တာကိုးဗျ..။

အဲနောက်တော့ နောက်ခံ ဘက်ဂရောင်း အရောင်တွေ စာလုံးအရောင်တွေ ကိုယ်လိုချင်သလို ပြောင်းချင် ရင်တော့ ဒီအောက်မှာ ပြထားတဲ့ ကုဒ်လေး တွေ မှာ ကာလာ ကုဒ်တွေကို လိုက်ပြောင်း လိုက်ရုံ ပါပဲ..။

var so = new SWFObject("http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf", "tagcloud", "240", "300", "7", "#ffffff");

အနီရောင်နဲ့ပြထားတဲ့ ဂဏန်းတွေက ကိုယ်လိုချင်တဲ့ ဆိုဒ် အကျယ် နဲ့ အမြင့် ပါ အဝါရောင်နဲက ပြထားတာ ကတော့ နောက်ခံ ဘက်ဂရောင်း ကာလာကုဒ်ပေါ့ အဲဒီနေရာတွေမှာ ကိုယ်လို သလို ချိန်ညှိ နိုင်ပါတယ်..

စာလုံး အရောင် ပြောင်းချင်ရင် ဒီကုဒ်ထဲက

so.addVariable("tcolor", "0x333333");

အဝါရောင် ပြထားတဲ့ နေရာမှာ ကိုယ်လိုချင်တဲ့ ကာလာကုဒ်လေး ထည့်လိုက်ပေါ့ဗျာ...

စာလုံး အရွယ် အစား ပြောင်းချင်တယ် ဆိုရင်တော့ ...

so.addVariable("tagcloud", "<tags><b:loop values='data:labels' var='label'><data:label.name/></b:loop></tags>");

အနီရောင်ပြထားတဲ့ ဂဏန်းလေး ကို လိုသလို ကြီးသေးလုပ်နိုင်ပါတယ် ....

ကဲ အားလုံးပဲ widget အသစ်လေးနဲ့ ပျော်ရွှင် နိုင်ကြပါစေ နော်....။

gmail အဟတ်မခံရအောင်

အီးမေး(လ်) အဟက်ခံရတယ်ဆိုတာဟာ ... များသောအားဖြင့် ဟောဒီ အချက်တွေကြောင့်ပဲဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။
gmail team ကလိုလို၊ တစ်ခြား ယုံကြည်ရတဲ့ ဆိုက်တစ်ခုခုကလိုလိုနဲ့ စာတွေပို့ပြီးအယုံသွင်းတတ်ကြပါတယ်။
များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။
ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့စာမျိုးတွေလဲ လာတတ်ပါသေးတယ်။
တစ်ခြားတစ်ယေက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး
သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာ.. ညာ.. ပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့သူ့ဆီ
ရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့က အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ
သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ ဒီလောက် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀ငါထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။
အသေးစိပ်ရှင်းရင်တော့ အရှည်ကြီးပေါ့လေ။ အများနားလည်အောင် ရိုးရိုးလေးပဲရှင်းပြတာပါ။
အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
်firefox plugin တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ firefox က addons နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ firefox plugin တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ဆိုက်အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနှရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ ဆိုကတွေ နဲ့ porn ဆိုကတွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ BeEF ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း
configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့သဘော
ရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တစ်ကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့က ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုင်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကို
ကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် အတော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကိုသူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တစ်ကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။
အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ မေး(လ်)တွေ ခွဲထားပါ။

ကဲ ... စာလဲအတော်ရှည်သွားပြီ ...။ ခေါင်းထဲ လောလောဆယ်တွေးမိသမျှတော့ ရေးချလိုက်တာပဲ။
လိုတာတွေလဲ ရှိချင်ရှိဦးမှာပါ။ သိချင်သေးတာရှိရင် ထပ်မေးနိုင်ပါတယ်။
ကျွန်တော် ကြုံဖူးသမျှအတွေ့ အကြုံလေးတွေနဲ့၊ သိသမျှလေးတွေကို မှဝေလိုက်တာပါ။ အမှားပါသွားခဲ့ရင် ပြင်ပေးနိုင် ထောက်ပြနိုင်ပါတယ်။

အင်တာနက်ချိတ်ဆက်မှုပုံစံ

လက်ရှိ အကိုသိတဲ. အင်တာနက် ချိတ်ဆက်လို.ရနိုင်တဲ. connection တွေ ရေးပေးလိုက်ပါတယ်။အကြမ်းအားဖြင်. ၂ခု ခွဲခြားကြည်.ရအောင် ။ ကြိုးတွေနဲ. ဆက်သွယ်ခြင်း ( Wired ) နဲ. ကြိုးမဲ. စနစ် ( Wireless ) ဆိုပြီးဆက်သွယ်လို.ရမယ်။ ကြိုးလှိုင်းတွေ ပေါ်ကတဆင်. အလုပ်လုပ်ဆောင် ဆက်သွယ်လို.ရမဲ. Technology တွေကတော. ISDN , DSL , Fiber optic , Cable , Power-line ဆိုပြီးရှိတယ်။

1. ISDN (Integrated Services Digital Network) : တယ်လီဖုံးလိုင်းပေါ်က နေအလုပ်လုပ်ဆောင်တယ် ။ အနိမ်.ဆုံး 64kbit/s ကနေ အမြင်.ဆုံး Speed 128 kbit/s ပဲရရှိနိုင်ပါတယ် ။ Posted Image

2. DSL (Digital subscriber line) : သူလဲ ဖုံးလိုင်းပေါ်ကနေအလုပ်လုပ်ပါတယ်။ ဒါပေမယ်.ထူးခြားတာက တော. တချိန်ထဲမှာတင် ရိုးရိုးဖုံး ဆက်စကားပြောခြင်း လုပ်နိုင်သလို ၊ အင်တာနက်ကိုပါ သုံး ပြုလို.ရနိုင်တဲ. လှိုင်း ၂ခု စလုံးထည်.သွင်းထားခြင်းပါ ။ Asymmetric Digital Subscriber Line (ADSL) ကတော. နံမယ်ကြီးပါတယ်။ Posted  Image

3. Cable : ဖုံးလှိုင်း DSL နဲ. လည်းအလုပ်လုပ်ဆောင်နိုင်သလို ၊ TV line တွေလို မျိုး အလုပ်လုပ်ဆောင်နိုင်တဲ.နေရာမှာ နံမယ်ကြီးနေတာကတော. Broadband ပါပ။ဲ high-speed လို.လဲ ခေါ်ဆိုနေကျပြီး bandwidth ချဲ.ရင် ချဲ.သလောက် အလုပ်ဖြစ်နေပါတယ်။ အမြင်.ဆုံး စွမ်းဆောင်ရည်အနေနဲ.ကတော. 159.2 Gbit/s အထိ ရနိုင်တယ်လို. သိရပါတယ်။ ( စာထဲမှာ ဖတ်ဖူးတာနော် ... အဲ.ဒါဖတ်ပြီး ၂ညတောင် အိမ်မက်မက်တယ် ၊ သရေကျလို. :mrgreen: :mrgreen: ) Posted  Image

4.Fiber optic : Glass ဒါမှမပာုတ် Plastic နဲ.တည်ဆောက်ထားတဲ. Optiacl Fiber ကြိုးနဲ. ဆက်သွယ်ခြင်းပါ။ အလင်းနှစ်နူန်း နဲ. တစက္ကန်.ကို မိုင်ပေါင်း 186,282 မိုင် အထိ ဒေဒါကို ပို.ဆောင်တယ်လို.သိရပါတယ် ။ Posted  Image

5. Powerline : AC power နဲ.ပါတွဲပြီး အလုပ်လုပ်ဆောင်နိုင်တယ် ။ ဆိုလိုတာက လျှပ်စစ်ကြိုး ပေါ်မှာ electric prower နဲ.အတူ အလုပ်လုပ်ဆောင်တာဖြစ်တယ်လို.သိရပါတယ်။ သူ.မှာပါဝင်တဲ. ဆင်.ပွား Technology တွေကိုတော. ကျနော် ကောင်းကောင်းနားမလည်သေးလို. မရှင်းပြနိုင်တာ ခွင်.လွတ်ပါ ။ :cry: :cry:

ကြိုးမဲ. စနစ်နဲ. အလုပ်လုပ်ဆောင်တာတွေကိုလေ.လာကြည်.ရအောင် ...Wi-Fi , WiBro/WiMAX , Satellite

1. Wi-Fi : Wireless LAN (WLan)လို.လဲလူသိများပါတယ် ။ သူကတော. မီတာ ၁၀၀အတွင်း ကောင်းကောင်းဒေဒါပို.ဆောင်နိုင်ပါတယ်။ Routing ပါဝင်လို. တခုနဲ.တခု အပြန်အလှန် ဒေဒါ သွားနူန်း ကိုမြင်.တင်ပေးပါတယ်။
Posted Image
2. WiBro/WiMax : WiMAX ကတော. မိုင် ၅၀ ပတ်ဝန်းကျင် အထိ တခုနဲ.တခု အပြန်အလှန် Rout လုပ်ပေးနိုင်ပါတယ် ။
Posted  Image
3. Satellite Service : ဂြိုလ်တုမှတဆင်. ဆက်သွယ်ခြင်းပါ IPSTAR ( မြန်မာနိုင်ငံ)

ဒီလိုပေးတဲ. နည်းလမ်းတွေ ကတော. သက်ဆိုင်ရာ ISPs များရဲ. အလုပ်လုပ်ဆောင်မူ. အောက်မှာရှိနေပါလိမ်.မယ်။

Tuesday, March 16, 2010

ning မှာလည်း text follow mouse လုပ်ရအောင်

ဒီ Code လေးတွေကို အရင် DownLoad
လုပ်လိုက်ပါ။ အဲ့ဒီ Code တွေထဲက Your Text Here for text follow mouse
ဆိုတဲ့စာသားလေးနေရာမှာ ကိုယ်ကြိုက်တာပြင်ရေးပါ အဲ့ဒါက mouse နောက်က
လိုက်မည့်စာသားပါ။ အပေါ်စာပုဒ်က ဒီ Your Text Here for tabbar
စာသားကိုလည်း ကြိုက်တာရေးပါ။ အဲ့ဒီစာသားကတော့ tabbar ပေါ်မှာ ပြေးနေမည့်
စာသားပါ။အဲ့ဒီ code ကတော့ မလိုရင်ဖြုတ်လို့ရပါတယ်။ ပြင်ပြီးလို့ file
save တဲ့အခါ filename နောက်မှာ .js ထည့် save ပါ။ eg: sawsan.ning.js
အဲ့ဒီ ဖိုင်လေးကို fileupload မှာတင်ရပါမယ်၊ ပြီးရင် အဲ့ဒီ
ဖိုင်ရောက်သွားတဲ့ address link ကို Your file address Link
ဆိုတဲ့နေရာမှာ

ဒီလိုလေးထည့်ပါ၊ ပြီးရင် Manage>>Analytics ထဲမှာ ထည့်ရမှာပါ။ အဲ့ဒါဆို
ရပါပြီ။ ဒီ ning အတွက် text follow mouse ကို
မြန်မာတွေရေးထားတာမတွေ့မိသေးပါဘူး။ သိတဲ့သူတွေလည်း သိတယ်
မသိကျတာလည်းပါတယ်။ ဒါပေမယ့် သိတဲ့ သူတွေကလည်း
မပြောဖြစ်ကြဘူးဗျာ..ကျွန်တော်လည်း အစက မရလို့နေမှာဆိုပြီး
သေချာမလုပ်ဖြစ်ဘူး။ အခုကိုယ်ပါနဲ့ကို code တွေကို တစ်မျိုးပြီး
တစ်မျိုးပြောင်းလုပ်ကြည့်မှ ဒီနည်းနဲ့ရတယ်ဆိုတာသိလိုက်ရတယ်၊ သိသိချင်းပဲ
post တင်ဖြစ်ပါတယ်။ ကျွန်တော်လို မတောက်တခေါက်နဲ့လျောက်လျောက်လုပ်တက်တဲ့
ကွန်ပျုတာသမားလေးတွေ အများကြီး ပေါ်ပေါက်လာဖို့ ရည်ရွယ်ရင်း..........

10 Fashion Site

Fashion ကို စိတ်ဝင်စားသူများအတွက် အလွယ်တကူ ၀င်ရောက်လေ့လာနိုင်ရန်
အကောင်းဆုံး ဆိုဒ် ၁၀ ခုကို စုစည်း တင်ပြပေးလိုက်ပါတယ် ..

http://www.style.com
http://www.fashion.net
http://www.dailyfashion.com
http://www.askmen.com
http://www.lovetoknow.com
http://www.women.com
http://www.vintageblues.com
http://www.inpasserella.com
http://www.fashionoffice.org
http://www.fashionmall.com

Knowledge Bridge Magazine မှ ကူးယူဖော်ပြသည်။

ကျေးဇူး

Knowledge Bridge Magazine

လစဉ် ထုတ်ဝေးလျှက်ရှိသည့် ကွန်ပျူတာ နည်ပညာနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းတစ်ခုပါ ..
အွန်လိုင်းပေါ်မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် တင်ပြပေးလိုက်ပါတယ်..

KnowledgeBridgeMagazine

ကျေးဇူး
ladylwin2010@gmail.com
အဆင်မပြေတာရှိရင် ကျွန်တော့်ကိုပြောပါ.. အဆင်ပြေရင် သူငယ်ချင်းတွေကို ပြောပေးပါ။