Photobucket (Only Picture)
File Savr (Any type,10GB Storage)
File Dropper ( Free File Hosting for MP3, Videos, Documents,5GB Storage)
File Factory ( 300MB Storage,Any type of files)
File Qube (150MB Storage, Any type)
FileDen (Unlimited Storage)
RipWay (30 MB Storage, Any type)
MediaFire
IBackup
Thursday, March 18, 2010
Free File Hosting Sites
Awesome New Features from Blogger in Draft
အောက်ပါ ပို့စ် တစ်ခုလုံး၏ ရည်ညွှန်းပါ Bloggr.C0M ဆိုသည်မှာ
Blogger in Draft ဆိုသည်မှာ အလွယ်ကူဆုံး ပြောရလျင် Blogger.Com ၏ အခြား
Admin Dashboard User Interface တစ်ခုဖြစ်ပြီး ထိုနေရာတွင်
http://blogger.com/ မှတဆင့် မိမိ ဘလော့ဂ် ၏ Admin Dashboard သို့
ဝင်ရောက် အသုံးပြုပါက မရနိုင်သော Blogger.Com ၏ စိတ်လှုပ်ရှားဖွယ် အခြား
Feature အသစ်ပေါင်းများစွာကို ဘလော်ဂါများ အနေဖြင့် ရယူ သုံးစွဲ
နိုင်သည်။
[ အောက်တွင် ဖော်ပြပါ Feature အသစ်များ အားလုံးသည် http://blogger.com/
မှ ၀င်ရောက် အသုံး ပြုပါက ရရှိမည် မဟုတ်ပဲ http://draft.blogger.com/ မှ
ဝင်ရောက် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။ ]
Blogger in Draft
သူနဲ့ ပတ်သက်လို့ ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ်
ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ တစ်ချိန်ချိန်မှာ
Blogger.Com ရဲ့ Admin Panle ရာဇပလ္လင်ကို ၀င်လုမယ့် ပြိုင်ဘက်
ဖြစ်လာနိုင်တယ် ဆိုတာ အနည်းငယ် ရိပ်မိခဲ့သလိုပါပဲ။ အခုတော့ အဲဒီယူဆချက်
မှန်ကန်ကြောင်း အောက်ပါ အချက်တွေကို ဖတ်ရှုကြည့်တာနဲ့ လူကြီးမင်း
သဘောပေါက်နိုင်ပါပြီ။
New Feature-I : New Dashboard
Dashboard of Blogger in Draft
သိသိသာသာ တိုးတက်ပြောင်းလဲခြင်း လို့ ဆိုနိုင်တဲ့ ဒီ Dashboard ကြီး
တစ်ခုလုံးကို ပြောင်းမပစ်ခင် အရင် လူမသိ သူမသိ New Feature တွေ
ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘလော်ဂ္ဂါတို့ နေ့တစ်ဓူဝ အ၀င်အထွက် လုပ်နေတဲ့ ဒီ
Dashboard ကြီး တစ်ခုလုံး ပြောင်းလဲမှု လုပ်လိုက်တာက အစပြုပြီး
Blogger.Com ကြီး တစ်ခုလုံးကို Blogger in Draft နဲ့ အစားထိုးပစ်ဖို့
ကြံစည်နေကြောင်း ပိုမိုသိသာ လာပါတယ်။ Blogger in Draft ရဲ့ အသစ်ထုတ်လုပ်
လိုက်တဲ့ Admin Dashboard မှာ အောက် ပါတို့ကို Feature အသစ် တွေ အဖြစ်
တွေ့ရှိရပါတယ်။
၁။ Blogger in Draft Dashboard ကို မိမိဘလော့ဂ်ရဲ့ Default Dashboard
အဖြစ် သတ်မှတ်နိုင်တဲ့ စနစ်တစ်ခု ပါဝင်လာပါတယ်။
http://draft.blogger.com/ ကနေ ၀င်လိုက်တာနဲ့ အဲဒီ Feature အသစ်ကို
မိမိဘလော့ဂ် Dashboard ရဲ့ နဖူးစည်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
Make Default Dashboard for Blogger
၂။ Blogger in Draft ရဲ့ အသစ်သော Dashboard ကို Dashboard, My Reading
List နှင့် Other Stuffs ဆိုပြီး အပိုင်းကြီး သုံးပိုင်းနဲ့
ခွဲခြားထားတာကို တွေ့ရပါတယ်။
* ပထမ အပိုင်း ဖြစ်တဲ့ Dashboard မှာ မိမိ လက်ရှိရေးသားနေတဲ့
ဘလော့ဂ် အားလုံးတို့ထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ Blog နှစ်ခုကို
ပုံသေ သတ်မှတ်ချက် အနေနဲ့ အမြဲပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ အကောင့်ထ်
ထဲမှာ ရှိတဲ့ ဘလော့ဂ် အားလုံး ပြစေချင်တယ် ဆိုရင်တော့ Blog List ရဲ့
အောက်မှာ ရှိတဲ့ "Show all Blogs" ဆိုတာလေးကို ကလစ် လိုက်ရင် ရပါပြီ။
* ဒုတိယ အပိုင်း မှာတော့ My Reading List ဆိုတဲ့ အတိုင်းပဲ
Blogger.Com ရဲ့ Official Blog နှစ်ခုဖြစ်တဲ့ Blogger Buzz နှင့် Blogger
in Draft တို့က နောက်ဆုံးရ Update သတင်းတွေကို အလွယ်တစ်ကူ ဖတ်လို့ ရအောင်
စီမံပေးထားတာကို တွေ့ရမှာပါ။
* တတိယ အပိုင်း Dashboard ကြီး တစ်ခုလုံးရဲ့ Footer မှာတော့
ခေါင်းစဉ်ကြီး Other Stuffs ဆိုတာရဲ့ အောက်မှာ Mobile Devices, Tools &
Resources နှင့် Help Resources ဆိုပြီး ကဏ္ဍသုံးခုနဲ့ ခွဲခြားပြထားတာကို
တွေ့ရမှာပါ။ အဲဒီထဲက Mobile Devices ဆိုတာကတော့ Mobile Phone
တို့ကဲ့သို့သော ရွေ့ပြောင်းသယ်ဆောင် နိုင်တဲ့ ပေါ့ပေါ့ပါးပါး
ပစ္စည်းလေးတွေက တဆင့် Blogging လုပ်နိုင်ဖို့ အတွက် ဖြစ်ပြီး Tools &
Resources ဆိုတာကတော့ Seo ဆိုင်ရာ၊ Adsence ဆိုင်ရာ၊ Picasa ဆိုင်ရာ
များကို အလွယ် တစ်ကူ အသုံးချနိုင်စေရန် အတွက် စုစည်းပေးထားခြင်း
ဖြစ်ပါတယ်။ နောက်ဆုံး Help Resources ဆိုတဲ့ နေရာမှာတော့ မိမိရဲ့ ဘလော့ဂ်
ဂင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အတွက် User တွေ
အချင်းချင်း ဆွေးနွေးရာ၊ တိုင်ပင်ရာ၊ လေ့လာစရာ ကျူတိုရီရယ်တွေ စသဖြင့်
လိုအပ်သမျှကို စုံလင် အောင် စီစဉ်ထားရှိပေးတာကို တွေ့ရပါမယ်။
New Feature-II : Posting Gadget for iGoogle
Post Gadget iGoogleနောက် Feature အသစ် တစ်ခုကတော့ မိမိရဲ့ ဘလော့ဂ်ကို
ပို့စ် တင်ဖို့ အတွက် တစ်ခြားနေရာတွေကနေ သွားလာနေစရာ မလို၊ Admin Panel
ကို ၀င်စရာ မလိုပဲ iGoogle ကနေတဆင့် တိုက်ရိုက် ပို့စ် တင်နိုင်တဲ့
Gadget လေး တစ်ခုကို Blogger in Draft က ထုတ်လုပ်ပေး လိုက်ခြင်းပါပဲ။
အဲဒီ Gadget လေးမှာ ပို့စ် တစ်ပုဒ် အတွက် လိုအပ်တဲ့ အချက်အလက်
တွေမှန်သမျှနဲ့ တကွ၊ မိမိမှာ ဘလော့ဂ် လေး၊ငါး ခုရှိခဲ့ ရင် ကြိုက်ရာ
ဘလော့ဂ်မှာ ရွေးချယ် ရေးသားနိုင်လောက်အောင် အထိ ပြုလုပ်နိုင်တဲ့ အခွင့်
အလမ်းတွေကို အပြည့် အ၀ပေးထားပါတယ်။
စိတ်ပါဝင်စားရင် အောက်က Button လေးကို ကလစ်လို့ အထက်ပါ Gadget လေးကို
မိမိ ရဲ့ iGoogle စာမျက်နှာမှာ ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Add post Gadget to iGoogle
New Feature-III: Embedded Comment Form
Embedded comment Form
Blogger.COM မှ Blogger များ အနှစ်နှစ်အလလ တောင်းဆို၊ အလိုရှိခဲ့ကြတဲ့
WordPress Style Feature တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ။ Comment ဆိုတာ
Blogger တစ်ယောက်ရဲ့ Post တစ်ပုဒ်အတွက် များသော အားဖြင့် Blogger
အတော်များများအတွက် သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေ အတွက် အမြင့်ဆုံး
ပြန်လည်ရရှိတဲ့ ဆုကြေး၊ ဒါမှမဟုတ် ဆုလာဘ်၊ တွန်းအား၊ ရွှေ . စသဖြင့်
ရရှိတဲ့ မှတ်ချက်ပေါ်မူတည် ပြီးတော့ အမျိုးမျိုး အဓိပ္ပာယ်
ဖွင့်လို့ရပါတယ်။ အဲဒီလို တန်ဖိုးရှိလှတဲ့ အရာတစ်ခုကို သူတို့ ကြိုးစား
အားထုတ်ပြီး ရေးဖွဲ့ထားတဲ့၊ ရေးသား တင်ပြထားတဲ့ ပို့စ် တစ်ပုဒ် နှင့်
အတူရှိစေချင်၊ မြင်ချင်ကြတာဟာ လည်း Blogger တို့ အတွက် သဘာဝကျပါတယ်။
Blogger.Com မှာ မူလကတည်းက Comment အတွက် ဖတ်တာကိုရော၊ ရေးတာကို ပါ
သီးခြား စာမျက်နှာ တစ်ခုဆီကို သပ်သပ်စီသွားပြီး ဖတ်ခြင်း၊ ရေးခြင်း
လုပ်နေရတော့ တယ် အဆင်မပြေလှပါဘူး။ အဲဒီအတွက် နှစ်ရှည်လများကတည်းက
Blogspot Blogger များက ဒီ Embedded Comment Form လို့ ခေါ်တဲ့ သက်ဆိုင်ရာ
ပို့စ်ရဲ့ အောက်ခြေမှာ တစ်ပါတည်း တွဲရက် Comment များကို ဖတ်၊ရေး
လုပ်နိုင်တဲ့ Feature ကို တောင်းဆိုလာခဲ့ကြတာပါ။
သူတို့ရဲ့ တောင်းဆိုမှုတွေဟာ အလဟဿမဖြစ်ခဲ့ဘူးဆိုတာ Blogger in Draft က အခု
သက်သေ ပြလိုက်ပြီ ဖြစ်ပါတယ်။ ယခု အသစ် ဖြည့်စွက် လိုက်တဲ့ Embedded
Comment Form Feature ဟာဆိုရင် အရင် Blogger.Com ရဲ့ မူလ Comment
မှာလိုပဲ Open ID ကို အသုံးပြုနိုင်ခြင်း၊ Word Verification များ
ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ နောက် Comment message alart များကိုလည်း
ယခင်လိုပဲ Comment ရေးသားတဲ့ နေရာရဲ့ အပေါ်မှာ ဖော်ပြပေးထားခြင်း စတာတွေ
ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီ Embedded Comment Form ဆိုတဲ့ Feature
အသစ်စက်စက် ကို အသုံးပြုဖို့ အတွက် အောက်ပါ အတိုင်း
လုပ်ဆောင်နိုင်ပါတယ်။:)
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Admin Panel Dashboard ကို
ဝင်ပါ။ ပြီးတာနဲ့ Seeting ဆိုတဲ့ စာမျက်နှာကို ရွေးချယ် သွားရောက်ပါ။
၎င်းစာမျက်နှာမှာ Comments ဆိုတာကို ရွေးချယ် ပြီး "Comment Form Placement"
ဆိုတဲ့ Setting မှာ "Embedded below post" ဆိုတာကို ရွေးချယ် ကလစ်ပေးပါ၊
အဲဒီနောက် "Save Setting" ကို ဆက်လက် ကလစ်ပါ။
Comment Form Placement
မိမိဘလော့ဂ် ကိုသွားရောက် ကြည့်ရှုစစ်ဆေးပါ။ ယခင်က စာမျက်နှာ တစ်ခု၊ သို့
Pop up window တစ်ခုနဲ့ တက်လာနေကြ ဖြစ်တဲ့ Comment တွေဟာ သူနဲ့
သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်တွေမှာ ပြနေ၊ မပြနေ ကြည့်ရှုစစ်ဆေးပါ။ အကယ်၍
လူကြီးမင်းဟာ Modified လုပ်ပြီးသား Template တစ်ခုကို အသုံးပြုထားမယ်
ဆိုရင်တော့ အဲဒီ Embedded Comment Form မှာ တိုက်ရိုက် Comment
ရေးနိုင်ဖို့ အတွက် အောက် ပါ အဆင့် တစ်ခုကို ထပ်မံလုပ်ဆောင်ရပါမယ်။
မိမိဘလော့ဂ်ရဲ့ Dashboard မှတဆင့် Layout ကိုသွားပါ၊ နောက် တစ်ဆင့်
အနေနဲ့ Edit HTML ကို ဆက်သွားပါ။ ဘာမှ ပြုပြင်မှု မလုပ်ခင် မိမိရဲ့
Original Template ကို Bakcup လုပ်ထားတတ်တဲ့ အကျင့်တစ်ခုကို
မွေးမြူထားပါ။ မူလ Template ကို Backup လုပ်ပြီးတဲ့ နောက် Template Codex
Box ရဲ့ ညာဘက် အပေါ်ထောင့်က Expand Widget Templates ကို ကလစ် လုပ်ပါ။
ပြီးတဲ့ နောက် အောက်ပါ ကုဒ်လေးကို Ctrl+F အကူအညီနဲ့ Search လုပ်ပါ။
<b:include data='post' name='comment'/>
အထက်ပါ ကုဒ်များကို တွေ့တာနဲ့ သူပြီးနောက် တစ်ကြောင်းမှာ အောက်ပါ
ကုဒ်များကို ထပ်မံထည့်သွင်းပေးပါ။
<b:include data='post' name='comment-form'/>
ပြီးတဲ့ နောက် Save Template ကို ဆက်လက် ကလစ် လုပ်ပြီး မိမိဘလော့ဂ်ကို
ကြည့်ရှုစစ်ဆေးပါ။ Post တိုင်းရဲ့ အောက်ခြေမှာ Comment များကို တစ်ပါတည်း
ရေး၊ ဖတ် လုပ်နိုင်ပြီ ဆိုပါက ၎င်း Embedded Comment Form Feature ကို
လူကြီးမင်းရဲ့ ဘလော့ဂ်မှာ အောင်မြင်စွာ ထည့်သွင်းပြီး ဖြစ်တယ်
လို့ယုံကြည်နိုင်ပါပြီ။
တစ်ကယ်လို့ အထက်ပါ နည်းလမ်းများ နဲ့ပင် အဆင်မပြေသေးဘူး ဆိုပါက အောက်ပါ
နေရာများမှာ ဆွေးနွေးပြောဆို၊ လုပ်ကိုင် ထားကြ တာတွေ ကို သွားရောက်
ဖတ်ရှုလေ့လာပြီး မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် အသုံးပြု
နိုင်ပါကြောင်း။ :D
* How to Embedded Comment Form from Blog of BloggerDraft
* The technique of Amanda (BloggerBuster)
New Feature-IV: Stars Rating
အရင်တုန်းကတော့ ကျွန်တော်တို့ တတွေဟာ ဒီ Feature လေး သုံးရဖို့ အရေးကို
တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို
လိုက်လံရှာဖွေ ထည့်သွင်း သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Blogger in Draft
ကနေ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။
Stars Rating in Blogger
ဒီ Feature လေးကို အသုံးပြုဖို့ အတွက် မိမိ Blog Dashboard ကို
http://draft.blogger.com/ ကနေ တဆင့် ၀င်ရောက်ပါ။ Layout ကို ရွေးချယ်ပါ၊
ပြီးတဲ့နောက် Page Element ကို ဆက်လက်ရွေးချယ်ပြီး ပုံမှာ ပြထားတဲ့
အတိုင်း Blog Post နေရာမှာပါတဲ့ Edit ကို ရွေးချယ်ကလစ်ပြီး၊ Configure
Blog Posts ဆိုတဲ့ Pop Up Windows မှာ Show Stars Rating ဆိုတဲ့ Radio
Button လေးကို ကလစ် လုပ်ပြီး Save လုပ်ပါ။
၎င်း စာမျက်နှာလေးမှာပဲ Scroll Down အောက်ကို ဆွဲချလို့ အဲဒီ Stars Rating
လေးကိုလည်း မိမိထားလိုတဲ့ နေရာမှာ စိတ်ကြိုက် ရွှေ့ပြောင်း
ထားရှိနိုင်ပါတယ်။
New Feature-V : Import & Export
ကျွန်တော် Blogspot ကနေ WordPress ကို ပြောင်းရွှေ့စဉ် အခါက Blogspot
ဆိုတာ ကိုယ့်ပို့စ် ကိုယ်တောင် မပိုင်တဲ့ဘ၀ ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။
အခုတော့ အဲဒီ အမြင်တွေအားလုံး ကို Blogger in Draft က ပြောင်းပြန်လှန်ပစ်
လိုက်ပါပြီ။
Export Blogger
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Dashboard ကို သွားကာ၊ Setting
စာမျက်နှာကို သွားလိုက်တယ် ဆိုရင် ပဲ Basic Submenu Tab မှာအဲဒီ Feature
ကို သုံးဖို့အတွက် ခင်ဗျား မျက်လုံးတစ်စုံနဲ့ ရှင်းလင်းစွာ
တပ်အပ်မြင်တွေ့ နိုင်ပါပြီ။ အရင် ဘလော့ဂ်အဟောင်း ကပို့စ်တွေကိုပဲ Import
လုပ်ချင်သလား၊ အခုဘလော့ဂ် ကိုပဲ Export လုပ်ပြီး မိမိ စက်ထဲမှာ Backup
လုပ်ထားချင်သလား စတဲ့ ကြိုက်ရာ Feature တစ်ခုကို ရွေးချယ်
အသုံးပြုနိုင်ဖို့ အလွယ် တစ်ကူပဲ ဖော်ပြထားတာကို တွေ့ရမှာပါ။
Export Blogger XML
Export လုပ်လိုသများ အတွက်ကတော့ Export ဆိုတာကို ကလစ်လိုက်တာနဲ့ပဲ
တစ်ဖက်ပါ အတိုင်း Popup Window အသေးတစ်ခု တက်လာပြီး ဘယ် ဖိုင်
အမျိုးအစားနဲ့ သိမ်းဆည်းမှာလဲ ဆိုတာ မေးမြန်းပါလိမ့်မယ်။ ပုံမှန်အားဖြင့်
တော့ သတ်မှတ်ချက်ဖြစ်တဲ့ .xml file Type နဲ့ သိမ်းဆည်းတာ
အကောင်းဆုံးပါပဲ။
ဒီ လတ်လတ်ဆတ်ဆတ် နဲ့ တစ်ကယ်အသုံးဝင်တဲ့ Feature နဲ့ ပတ်သက်လို့
မှတ်သားဖွယ်ရာတွေကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။
1. (၂) ခုနှင့် အထက် ဘလော့များကို တစ်ခုတည်း အဖြစ် ပေါင်းစည်း
နိုင်ခြင်း - မိမိမှာ ရေးသားနေတဲ့ အကြောင်း အရာတူ၊ ဒါမှမဟုတ် အမျိုးအစား
တူ ဘလော့ဂ် (၂) ခုနှင့် အထက် ရှိနေခဲ့ ရင် ဒီ Feature မှာ ပါတဲ့ Import
function ကို အသုံးပြုပြီး ၁-ခုတည်း အဖြစ် ပေါင်းစည်းပစ်လို့ ရပါတယ်။
လတ်တလော အနေနဲ့ ကတော့ တစ်ခါ Import လုပ်ခြင်း အတွက် ခွင့်ပြုထားတဲ့ File
Size Limit က 1-Mb ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက် တိုးပြီးပေးနိုင်ဖို့
Blogger Team မှ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း သိရပါတယ်။Import Blogger
2. ပို့စ် တစ်ခုချင်းစီကို ရွှေ့ပြောင်းချင်း - Import လုပ်ပြီးတဲ့
အဆင့်နောက်မှာ၊ အဲဒီ Import file မှာ ပါတဲ့ ပို့စ်တွေအနက်က
ကိုယ်လိုချင်တဲ့ ပို့စ်တွေကိုပဲ ရွေးချယ်လို့၊ မလိုတဲ့ ပို့စ်တွေကို
ချန်ထားခြင်းဖြင့်လည်း ပို့စ်တစ်ခုချင်း စီအလိုက် Blog တစ်ခုမှ နောက်
တစ်ခု သို့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပါတယ်။ အဲဒီလို ပြောင်းရွှေ့တဲ့
နေရာမှာ Blogger in Draft Team ရဲ့ အကြံပေးချက်ကတော့ တစ်ကယ်ပြောင်းမယ့်
Blog ထဲကို Import မလုပ်မီ အစမ်း Blog တစ်ခုနဲ့ အရင်ဆုံး အဲဒီ Feature
ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်အောင် စမ်းသပ်ထားသင့်တယ် လို့ ဆိုပါတယ်။
3. မိမိဘလော့ဂ်အား Backup ပြုလုပ်ခြင်း - တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့
အခြေအနေတွေနဲ့ ကြုံလာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်းနိုင်ဖို့ အတွက် မိမိရဲ့
ဘလော့ဂ်ကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ Blogger in Draft က အဲဒီ
အခြေအနေတစ်ခုကို အခု အလွယ်တစ်ကူ ရယူနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။
ထူးထူး ထွေထွေ လုပ်စရာ မရှိပါဘူး။ ဒီ Feature မှာ ပါတဲ့ Import ဆိုတာ
ကိုပဲ ပုံမှန် ကလစ် ပြီး သိမ်းဆည်းပေးရုံနဲ့ ခင်ဗျားရဲ့ လက်ရာတွေ၊
စာကောင်းပေမွန်တွေကို စိတ်ချလက်ချ သိမ်းဆည်းထားလို့ ရစေပါမယ်။
လတ်တလောအားဖြင့် တော့ ဒီ Import သို့ Backup Feature မှာ Template file
တွေ၊ Widget တွေ မပါသေးပါဘူး။ မိမိရေးသားခဲ့ သမျှ ပို့စ်တွေနဲ့
မှတ်ချက်တွေ (Comments) တွေပဲ ပါဦးမှာ ဖြစ်ပါတယ်။ [အမှန်တော့ အဓိက ကလည်း
ဒါပါပဲဗျာ။ Template က Edit HTML Page ကနေလည်း ဒေါင်းလုဒ် လုပ်လို့
ရနေတာပဲ မဟုတ်လား။ ;) ]
4. ခင်ဗျားရဲ့ ဘလော့ဂ်ကို တစ်နေရာရာ ပြောင်းချင်ရင် - အခု Blogger in
Draft က လက်ရှိပေးထားတဲ့ Export File Type အမျိုးအစား ဟာဆိုရင် Standard
Atom XML ဖိုင် အမျိုးအစားဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ဖိုင်တိုပ် ကိုပဲ
တစ်ခြားသော Blogging Platform တွေမှာလည်း Import လုပ်ဖို့ အတွက်
ခွင့်ပြုပေးထားတာကို (အနီးစပ်ဆုံး ဥပမာ ပေးရရင်) WordPress User တွေ
သိရှိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ လိုရင်းကတော့ ဒီ Export File လေးကို
အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ် သိမ်းဆည်းနိုင်တဲ့ အတွက် တစ်ချိန်ချိန်မှာ
Blogger ကနေ တစ်ခြား Blogging Platform တစ်ခုခုကို ပြောင်းချင်လာပြီ
ဆိုရင်တောင် အလွယ်တစ်ကူ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး တစ်ခုကို
အလိုအလျောက် ရရှိစေပါပြီ။
အထက်ပါ အကြောင်း အရာတို့ ကတော့ ကျွန်တော် လေ့လာမိသမျှ နဲ့ ကျွန်တော့်
ယူဆချက်တွေ အရ အထူးအရေးကြီးလို့ သတ်မှတ်ထားတဲ့ Blogger in Draft
တစ်ဖြစ်လဲ Blogger.Com ကြီးရဲ့ အဓိက ပြုပြင်ပြောင်း လဲမှု တွေ အကြောင်းပဲ
ဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကို ရယူ အသုံးပြုနိုင်မှု တွေနဲ့ တင်
Blogger.Com ဟာလည်း သူ့ရဲ့ စားသုံးသူတွေကို ဆက်လက် ဆွဲဆောင်ထားဖို့၊
အလွယ်ကူဆုံး Blogging Software တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့
အပြင်းအထန် အားထုတ်နေတယ် ဆိုတာ သိသာနိုင်ပါတယ်။ Blogger.Com ရဲ့ User
ဖြစ်တဲ့ Blogger တွေ အနေနဲ့လည်း ဒီ အသစ်သော၊ လတ်ဆတ်သော၊ အသုံးဝင်သော
ရင်ခုန်ဖွယ် Feature တွေ အပေါ်မှာ ၀မ်းမြောက်စွာနဲ့ ကြိုဆိုလျက် ရှိကြမယ်
ဆိုတာ မှားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ :D
ဒီနေရာမှာ တစ်ခု ကျွန်တော် ပြောစရာ ရှိတာကတော့ အမှန်တစ်ကယ် အရေး အကြီး
ဆုံးလို့ ဆိုနိုင်တဲ့ နောက်ဆုံး Feature ကြီး တစ်ခု အကြောင်း ရေးသားဖို့
ကျန်သေးတယ် ဆိုတာပါပဲ။ ဘာအကြောင်း အရာလဲ ဆိုတော့ ဘလော့ဂါတိုင်းနဲ့
မသိမဖြစ်၊ မသုံးမဖြစ် သုံးနေရပြီး ရင်းနှီးကျွမ်းဝင်နေတဲ့၊ Blogger in
Draft က အခု နည်းပညာ အသစ်နဲ့ ထပ်မံထုတ်လုပ် လိုက်ပါတယ် ဆိုတဲ့ Feature
အသစ်ပေါင်း မြောက်များစွာ ပါဝင်တဲ့ Post Editor အကြောင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တစ်ကယ်လို့ ကျွန်တော် အဲဒီ အကြောင်းကို ယခု၊ ဒီနေရာမှာ ဆက်
ရေးလိုက်ရင် ၄င်း တစ်ခုနဲ့တင် အပေါ်က ရေးပြီးခဲ့သမျှ စာလုံးရေ နီးပါး၊
ရှင်းလင်းချက်တွေ နီးပါးလောက်နဲ့ ပြန်ရေးရ၊ ရှင်းပြရမှာ ဖြစ်ပြီး
စာဖတ်သူတွေ ပျင်းရိငြီးငွေ့ပြီး အိပ်ပျော်ခြင်း အဖြစ်ကို ရောက်သွားမှာ
စိုးတဲ့ အတွက် (ကျမ်းလေးအံ့စိုး၍ ပေါ့ဗျာ :D ) ချန်ရစ်ခဲ့ပါတယ်။
နောက်နောင် အကြောင်း တိုက်ဆိုင်လို့ ကြုံကြိုက်တဲ့ အခါ အဲဒီ New Post
Editor အကြောင်း ကို ရေးပါဦးမယ်။ ယခုလောလောဆယ်တော့ စိတ်ပါဝင်စားသူတွေ
အနေနဲ့ Blogger in Draft က မူရင်းပို့စ် ကိုပဲ သွားရောက် ဖတ်ရှု၊
လေ့လာဝေဖန်၊ သုံးသပ်ပြီး အသုံးပြုတော် မူကြပါလို့ပဲ
တိုက်တွန်းလိုက်ပါရစေ.။ :)
နောက် ကျန်ရှိနေသေးတဲ့ SEO အတွက် အရေးပါတဲ့ Web Master Tools များ
အကြောင်းတို့ ကိုလည်း စိတ်ပါ ၀င်စားသူများ အနေနဲ့ Blogger in Draft
official Blog ရဲ့ မူရင်းဆောင်းပါး များမှာ သွားရောက် လေ့လာ
ဖတ်ရှုနိုင်တဲ့ အကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါရစေ။ :)
ကျေးဇူးစကား - ၁၀၀ မြောက် ပို့စ် အတွက် မေတ္တာအားဖြင့် လိုဂိုကူညီ
ရေးဆွဲပေးသူ The Unrivaled ဂိုဏ်းမှ ရောင်းရင်းကြီး DanFader အား ကျေးဇူး
အထူးတင်ရှိပါကြောင်း။ :D
MhawSayar
ရည်ညွန်းကိုးကား
* Blogger in Draft New Feature : New Dashboard
* Blogger in Draft New Feature : Posting Gadget for iGoogle
* Blogger in Draft New Feature : Embedded Comment Form
* Blogger in Draft New Feature : Star Ratings
* Blogger in Draft New Feature : Import and Export
* Blogger in Draft New Feature : Updates and Bug Fixes for June 26th
* Blogger in Draft New Feature : New Post Editor
* BlogBuster
ဘလော့ဂ်ပို့စ်လေးများကို ကြိုရေးပြီး တင်ခြင်း...
ဒီတစ်ခါတော့ အရမ်းလွယ်ကူပေမယ့် အသုံးတည့်နိုင်တဲ့ ဘလော့ဂ်နည်းပညာလေး
တစ်ခုအကြောင်း ဆွေးနွေးချင်ပါတယ်.
ကျွန်တော်တို့တွေမှာ ကိုယ်စီကိုယ်ငှ အလုပ်အကိုင်၊ မိသားစု၊ စီးပွားရေး၊
ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် မအားလပ်နိုင်အောင် ရှိနေတတ်ကြပါတယ်.
ဒါ့ကြောင့်မို့ တစ်ခါတစ်ရံ (သို့) အချိန်တော်တော်များများမှာ
ကိုယ်တင်ချင်တဲ့ ပို့စ်လေးကို ကိုယ်တင်ချင်တဲ့အချိန်လေးမှာ
မတင်ဖြစ်လိုက်တာတွေ ရှိကောင်းရှိမှာပါ. တစ်ခါတစ်လေကျပြန်တော့လည်း
ကိုယ့်အချစ်ဆုံး မိတ်ဆွေသူငယ်ချင်း (သို့) တစ်ယောက်ယောက်အတွက်
မွေးနေ့ဆုတောင်းလေးတွေ၊ အမှတ်တရစာစုလေးတွေ ကိုယ့်ဘလော့ဂ်မှာ တင်ချင်တယ်.
ဒါပေမယ့် အဲဒီ့ရက်မှာ ကိုယ်က ကွန်ပြူတာနား ရှိနေနိုင်မှာ မဟုတ်ဘူး.
ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်.
အဲဒီ့လို အခက်အခဲမျိုးလေးတွေကို အသစ်မွမ်းမံထွက်ရှိလာတဲ့ Blogger Draft က
အောင်မြင်စွာ ဖြေရှင်းပေးလိုက်ပါပြီ။
ဘာလဲဆိုတော့ ပို့စ်လေးတွေကို ကိုယ်ရေးချင်တဲ့အချိန်မှာ ရေးထားပြီး
ကိုယ်တင်စေချင်တဲ့ ရက်မှာ သူ့အလိုလို Publish လုပ်သွားနိုင်အောင်
ကြိုတင်ပြီး Schedule ဆွဲလို့ရတဲ့ Function လေးတစ်ခု ပေးထားတာပဲ
ဖြစ်ပါတယ်။
ဒါမျိုးလေးပေါ့ဗျာ.
အဲဒီ့အကြောင်းလေး ဆက်မသွားခင် ကျွန်တော်တို့ နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်။
ဆိုပါတော့. ဒီနေ့ ဒီဇင်ဘာ (၄) ရက်၊ Happy New Year ပို့စ်လေးကို
ဇန်န၀ါရီလ (၁) ရက် မနက် ၁၂ နာရီတိတိမှာ တင်ချင်တယ်. အဲဒီ့အချိန်မှာ
ကိုယ်က သူငယ်ချင်းတွေနဲ့ ပါတီလုပ်နေမှာ ဖြစ်လို့ ကွန်ပြူတာနား
ရှိမှာမဟုတ်ဘူး. ကဲ. ကျွန်တော်တို့ ဘာလုပ်ဖို့ လိုမလဲ.
(၁) သေချာတာကတော့ ကျွန်တော်တို့ ပို့စ်အရင်ရေးရမှာပေါ့ဗျာ. မဟုတ်ဘူးလား.
ဟုတ်ပြီ.. ရေးချလိုက်.
(၂) ရက်စွဲကို ပြောင်းရတော့မယ်. Schedule ဆွဲရတော့မယ်.
ဘယ်မှာလုပ်ရတော့မလဲ. စဉ်းစားလိုက်ရအောင်.
ကိုယ်တင်မှာက ပို့စ်ဆိုတော့ ပို့စ်နဲ့ပတ်သက်တဲ့ Mode တစ်ခုခုမှာ အဲဒီ့
Schedule ဆွဲတဲ့ function လေး ရှိရမယ်.
ဟုတ်ပြီ. ဘယ်မှာလဲ.
(၃) တွေ့ပါပြီ။ Post Options ဆိုတာလေးကို Publish ဆိုတဲ့ ခလုတ်လေးရဲ့
အပေါ်မှာ တွေ့ရပါလိမ့်မယ်. အဲဒါလေးကို နှိပ်လိုက်ရင် ဒီလိုမြင်ရမယ်ဗျ.
အဲဒီ့ထဲမှာမှ ညာဖက်ထောင့်မှာ ရှိနေတဲ့ Post date and time
နေရာလေးကိုသွား. အနောက်နိုင်ငံတွေမှာက ရက်စွဲကို လ၊ရက်၊နှစ်
လို့သတ်မှတ်တယ်. အဲဒါလေးတော့ သတိထားပေါ့ဗျာ. နော်. ကဲ. ကျွန်တော်တင်မှာက
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ မနက် ၁၂း၀၀ နာရီ ဆိုတော့ ဒီလိုလေး
ရေးလိုက်တယ်ဗျ.
1/1/2009 12:00 AM
ပြီးရင် Publish လုပ်လိုက်ရုံပါပဲ. ဒါဆိုရင် Schedule လုပ်တဲ့အပိုင်း
ပြီးပါပြီ။ အဲလိုမျိုးလေး Publish လုပ်လိုက်ရင် ကိုယ့်ပို့စ်လေးဘေးမှာ
Scheduled ဆိုတဲ့ Label လေး ထိုးထားပြီး သိမ်းပေးထားတာကို
အောက်ပါပုံလေးထဲကအတိုင်း တွေ့ရပါလိမ့်မယ်ခင်ဗျာ.
ဒီ Hacks လေးကို ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်.
မှတ်ချက်။
တစ်ချို့ကကျတော့ ပို့စ်လေးကို Schedule လုပ်ထားချင်တယ်. ဒါပေမယ့် အခု
ချက်ချင်းလည်းပဲ ဘလော့ဂ်မှာ တင်ချင်တယ်.
ဖတ်နေချင်တယ်ဆိုတာမျိုးလေးတွေလည်း ရှိတတ်သေးတယ်ဗျ. အဲလိုဆိုရင်တော့
နည်းနည်းလေး အလုပ်ရှုပ်သွားလိမ့်မယ်. သိပ်တော့မခက်ပါဘူး. ဒါလေးတွေ
လုပ်ပေးလိုက်ပါ.
(၁) ပို့စ်လေးကို ပုံမှန်ရေးပါ. ပုံမှန် ရက်စွဲအတိုင်းပဲ ထားလိုက်ပါ.
ပြီးရင် Publish လုပ်လိုက်ပါ.
(၂) ပုံမှန်လုပ်ငန်းစဉ်အတိုင်း လုပ်သွားတာ ဖြစ်လို့ ဘလော့ဂ်မှာ
ပုံမှန်အတိုင်းလေးပဲ ပေါ်လာပါလိမ့်မယ်.
(၃) Edit post ပြန်လုပ်ပါ. ဒီတစ်ခါကျမှ Date and Time ကို Future Date
and Time သို့ ပြောင်းလဲပေးလိုက်ပါ.
(၄) Publish ပြန်လုပ်ပါ.
ရလာဒ်က ဘာဖြစ်လာမလဲဆိုတော့ လက်ရှိတင်ထားတဲ့ ပို့စ်လေးက ရှိမြဲအတိုင်း
ရှိနေမှာ ဖြစ်ပြီးတော့ Schedule ဆွဲထားတဲ့ အချိန်လည်း ကျရော
အဲဒီ့ရက်စွဲအတိုင်း ဟိုး ထိပ်ဆုံးမှာ Latest Post အဖြစ် ပြန်ပေါ်လာမှာ
ဖြစ်ပါတယ်. ဒီတော့ အခုလည်း ဖတ်လို့ရတယ်. နောက်
သူ့အချိန်အခါကျပြန်တော့လည်း ကိုယ် schedule ဆွဲထားတဲ့အတိုင်း ပေါ်လာမှာ
ဖြစ်တယ်. ကဲ. မနိပ်ပေဘူးလားဗျ.
သတိ။
ဒီ Function လေးကို Blogger Draft မှာပဲ ရပါတယ်. Blogger Draft ဆိုတာ
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ New Blogger ကို မွမ်းမံရေးသားထားတာပါပဲ.
သိပ်ပြီးတော့ အထွေအထူးမဟုတ်လှပေမယ့် Widgets တွေ၊ Gadgets တွေ
ပိုထည့်ပေးထားတာ တွေ့ရပါလိမ့်မယ်. သုံးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်.
စမ်းသပ်ကြည့်ကြပါခင်ဗျာ.
Blogger Draft ကို ၀င်ချင်ရင် http://draft.blogger.com ကနေ log in
ဝင်ပါ. ပုံမှန်အရဆိုရင် ကျွန်တော်တို့က http://blogger.com ကနေ
ဝင်နေကြတာလေ. အဲဒါပါပဲ.
Media Fire ဖြင့် file များကို upload တင်ခြင်း နှင့် download လုပ်ခြင်း
ဖိုင်hostingတွေအများကြီးရှိပါတယ်။
အရင်ဦးဆုံးကျွန်တော်အသုံးများတဲ့file hosting
တစ်ခုနှင့်မိတ်ဆက်ပေးချင်ပါတယ်။
ကျွန်တော်အခုဖော်ပြပေးမှကြတော့Media Fire ဖြင့် file များကို upload တင်ခြင်း
နှင့် Media Fire ဖြင့် download လုပ်ခြင်း တို့ဖြစ်ပါတယ်။
-----------------------------------------------------------------------------------
Media Fire ဖြင့် file များကို upload တင်ခြင်း
Media Fire ဖြင့် fileများကိုuploadတင်ချင်ရင်တော့သိပ်မခက်ပါဘူး။
အရင်ဦးဆုံး http://www.mediafire.com/ ကိုသွားပါ။
ပြီးရင် create a free account နှိပ်ပြီးတော့လိုတာတွေဖြည့်လိုက်ပါ။
ပြီးရင်အကောင့်တစ်ခုကိုရသွားရင်
upload files to media fire ကိုနှိပ်ပြီးတော့ဖိုင်ထုတ်ပါ။
ပြီးရင်start uploadကိုနှိပ်ပါ။
ပြီးရင်ဘယ်folderမှာထည့်မလဲဆိုရင်my file(main folder)သို့မဟုတ် new folder
နဲ့ဖြစ်ဖြစ်uploadတင်လို့ရပါတယ်။
အဲဒါပြီးရင်သူကပြထားပါတယ်။အချိန်ဘယ်လောက်ကြာမယ်
ဆိုတာကိုဖော်ပြပေးထားပါတယ်။
ပြီးရင်view upload fileပေါ်လာပါလိမ့်မယ်။
---------------------------------------------------------------------------------------------------
Media Fire ဖြင့် download လုပ်ခြင်း
media fireနှင့်downloadလုပ်နည်းကတော့
လွယ်ပါတယ်။
သူပေးထားတဲ့linkကိုသွားပြီးတော့
click here to start downloadဆိုတာကိုနှိပ်လိုက်ရင်
downloadလုပ်လို့ရပါပြီ။
Wednesday, March 17, 2010
Blog မှာ Mouse Pointer ၊ Cursor ပြောင်းနည်း။
2) ပြီးရင် Lay Out ကိုသွား ပါ။
3) Lay Out ထဲက Add a Gadget ကို နှိပ်ပါ။
4) HTML/JavaScript ကိုနှိပ်ပြီး အောက်မှာ တင်ထားပေးတဲ့ စာကိုကူးလိုက်ပါ။
<div class="clear"></div>
<div id="HTML9" class="widget HTML">
<div class="widget-content">
<style>HTML,BODY{cursor:
url("http://8020876242759398787-a-1802744773732722657-s-sites.googlegroups.com/site/mgkyawswarnyein/my-stuff/MyPointer.gif"),
auto;}</style>
</div></div>
5) ပြီးရင် Save လိုက်ပါ။ဓါတ်ပုံ URL နေရာမှာတော့ Mouse Cursor အတွက် URL
ကိုထားပေးပါ။
Falling stars & Hearts in Your blog
Falling stars & Hearts in Your blog
ဘလော့ဂ်ပေါ်မှာ နှင်းကျအောင်လုပ်တာ တို့ဘာတို့ တကယ်လို ရိုးသွားခဲတယ်ဆိုရင် ကိုယ့် ဘလော့ဂ်ပေါ်မှာ ကြယ်လေး တွေ ဖြစ်ဖြစ် အသဲ လေးတွေ ဖြစ်ဖြစ် ကျအောင် လုပ်ကြည့်ရအောင်ပါ .. အဟဲ ..နဲနဲ လေး ဆန်းသစ်ကြည့်တာပေါ့ .. လုပ်ရတာလည်း မရှုပ်ပါဘူး .. အောက်က Html code ကလေးတွေ ကိုကူးပြီးတော့ layout=>page element ကနေပြီးတော့ add garget ကနေ Html/java script ကလေးကို ကူးပြီးတော့ထည့်လိုက်ရုံပါပဲ .. ရပါပြီ .. အဲဒါဆိုရင် ကြယ်ကလေးတွေ ကြိုက်ရင် ကြယ်ကလေးတွေ ကုဒ် ကလေးကို ထည့်လိုက် .. အသဲကလေးတွေ ကိုကြိုက်ရင်တော့ အသဲကလေးတွေ ကိုထည့်လိုက်ပေါ့.. စမ်းကြည့်ကြတာပေါ့ .. အဟဲ ..... ကုဒ် ကလေးတွေ ကတော့ ရှည်လို့ အောက်မှာ ပဲ ရေးလိုက်တယ်နော် ...။။
Falling stars code
<a style="color: #000080; font-family: tahoma; font-size: 11px; text-decoration: none; border: 1px double #00ADEF; padding: 1px; background: #FFF" target="_blank" href="http://www.allblogtools.com/">Get Blogger Falling Objects</a>
<div align="center">
<marquee behavior="scroll" direction="down" style="position:absolute; left:110px; top:150px; width:16px; height:483px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:169px; top:170px; width:16px; height:411px; z-index:1;" scrollamount="2"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:213px; top:190px; width:16px; height:346px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:279px; top:180px; width:16px; height:512px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:310px; top:160px; width:16px; height:428px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:250px; top:190px; width:16px; height:206px; z-index:1;" scrollamount="5"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:148px; top:150px; width:16px; height:287px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:297px; top:170px; width:16px; height:239px; z-index:1;" scrollamount="6"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:110px; top:230px; width:16px; height:254px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:369px; top:190px; width:16px; height:420px; z-index:1;" scrollamount="3"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:385px; top:150px; width:16px; height:520px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:441px; top:170px; width:16px; height:381px; z-index:1;" scrollamount="4"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:477px; top:200px; width:16px; height:392px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:569px; top:170px; width:16px; height:485px; z-index:1;" scrollamount="6"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:599px; top:200px; width:16px; height:386px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:530px; top:170px; width:16px; height:383px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:608px; top:200px; width:16px; height:347px; z-index:1;" scrollamount="1"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:642px; top:250px; width:16px; height:435px; z-index:1;" scrollamount="7"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:681px; top:290px; width:16px; height:499px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:659px; top:180px; width:16px; height:222px; z-index:1;" scrollamount="7"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:698px; top:160px; width:16px; height:250px; z-index:1;" scrollamount="4"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:726px; top:200px; width:16px; height:382px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:754px; top:150px; width:16px; height:542px; z-index:1;" scrollamount="1"><span class="falling1"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:780px; top:180px; width:16px; height:437px; z-index:1;" scrollamount="2"><span class="falling2"><img src="http://www.allblogtools.com/imgup/1-2009/uploaded/AllBlogTools.com.gif"/></span></marquee>
</div>
<marquee behavior="scroll" direction="down" style="position:absolute; left:110px; top:150px; width:16px; height:483px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:169px; top:170px; width:16px; height:411px; z-index:1;" scrollamount="2"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:213px; top:190px; width:16px; height:346px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:279px; top:180px; width:16px; height:512px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:310px; top:160px; width:16px; height:428px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:250px; top:190px; width:16px; height:206px; z-index:1;" scrollamount="5"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:148px; top:150px; width:16px; height:287px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:297px; top:170px; width:16px; height:239px; z-index:1;" scrollamount="6"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:110px; top:230px; width:16px; height:254px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:369px; top:190px; width:16px; height:420px; z-index:1;" scrollamount="3"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:385px; top:150px; width:16px; height:520px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:441px; top:170px; width:16px; height:381px; z-index:1;" scrollamount="4"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:477px; top:200px; width:16px; height:392px; z-index:1;" scrollamount="7"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:569px; top:170px; width:16px; height:485px; z-index:1;" scrollamount="6"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:599px; top:200px; width:16px; height:386px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:530px; top:170px; width:16px; height:383px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:608px; top:200px; width:16px; height:347px; z-index:1;" scrollamount="1"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:642px; top:250px; width:16px; height:435px; z-index:1;" scrollamount="7"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:681px; top:290px; width:16px; height:499px; z-index:1;" scrollamount="3"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:659px; top:180px; width:16px; height:222px; z-index:1;" scrollamount="7"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:698px; top:160px; width:16px; height:250px; z-index:1;" scrollamount="4"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:726px; top:200px; width:16px; height:382px; z-index:1;" scrollamount="1"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:754px; top:150px; width:16px; height:542px; z-index:1;" scrollamount="1"><span class="falling1"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
<marquee behavior="scroll" direction="down" style="position:absolute; left:780px; top:180px; width:16px; height:437px; z-index:1;" scrollamount="2"><span class="falling2"><img src="http://www.allblogtools.com/imgup/12-2008/uploaded/heart3.gif"/></span></marquee>
Blog မှာ ခေါင်းစဉ်ကလေးတွေ လည်နေတဲ့ပုံ (Flash Animated Label Tags Cloud)
August 13, 2009
Blog မှာ ခေါင်းစဉ်ကလေးတွေ လည်နေတဲ့ပုံ (Flash Animated Label Tags Cloud)
အခု ကျွန်တော် ပြောမယ့် ပုံကလေးတွေ ကို Blog တော်တော်များများ မှ မြင်ဖူးမှာပါ .. blog slidebar ကလေးမှာ ခေါင်းစဉ်ကလေးတွေ လည်နေတာလေ .. အဲဒါကလေးတွေထဲက ကိုယ် ကြိုက်တဲ့ ခေါင်းစဉ်ကလေးကို နှိပ်လိုက်ရင် .. သူ့ခေါင်းစဉ်ကလေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးနဲ့ ဆိုင်တဲ့ ပိုစ့်တွေ ကို ရောက်သွားရော ..(Flash Animated Label Tags Cloud) လို့ခေါ်ပါတယ် .. အဲလို မျိုးလေး လုပ်ချင်တယ်ဆိုရင်ပေါ့ ...ကိုယ့်ရဲ့ background အရောင်နဲ့လိုက်အောင်လည်း ယူလို့ရပါတယ် .. ကို့ယ့် ဆီ လာတဲ့လူတွေ ကို ရွေးရတာ ခပ်ဆန်းဆန်းကလေး ပေါ့ .. အဟဲ .. လည်နေတာဆိုတော့ ရွေးတဲ့လူ ခေါင်းမူးပြီး လာပြောရင်တော့ ကျွန်တော် ပါဘူးနော် .. အဟဲ :p :P .. ထည့်မယ်ဆိုရင်တော့
၁။ layout => edit html ကို သွားလိုက်ပါ ။
၂။ Expend Widget ကလေးကို အမှန်ခြစ်ကလေးပေးထားလိုက်အုံးနော် .. တော်ကြာ အောက်က စာကို ရှာမှ မတွေ့ပါလား ဖြစ်နေဦးမယ် .. အမှန်ခြစ်ကလေးကို ပေးပြီးရင်တော့ အောက်က ကုဒ်ကလေးကိုရှာလိုက်ပါ ..
<b:section class='sidebar' id='sidebar' preferred='yes'>
ရှာပြီးသွားပြီဆိုရင်တော့ အဲဒီ့ ကုဒ် ကလေးရဲ့ အောက်ကလေးမှာ အောက်က ကုဒ်ကလေးကို ထပ်ပြီးတော့ ထည့်လိုက်ပါ .. ထည့်ပြီးသွားပြီဆိုရင် တော့ ကြိုက်မကြိုက်ကို Preview အရင် ကြည့်လိုက်ပါဦး .. ကြည့်ပြိးရင်တော့ ကြိုက်ပြီဆိုတာနဲ့ save tamplete ကို ပေးလိုက် ဗျာ .. ရပြီ အဲဒါဆိုရင် ခေါင်းစဉ်ကလေးတွေ လည်နေပြီ ..BG color ကို ပြောင်းချင်ရင်တော့ အပြာကလေးနဲ့ ပြထားတဲ့နေရာကလေးမှာ Html color code ကလေးတွေထဲက ကိုယ် ကြိုက်တဲ့ code ကလေး ကိုယူပြီးတော့ ထည့်လိုက်ပါ ရပါပြီ ဗျာ .. စမ်းကြည့်ပါဦး.. အဆင်ပြေပါစေ ..Code ကတော့ အောက်မှာနော် ..
<b:widget id='Label99' locked='false' title='Labels' type='Label'>
<b:includable id='main'>
<b:if cond='data:title'>
<h2><data:title/></h2>
</b:if>
<div class='widget-content'>
<object type="application/x-shockwave-flash" data="http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf" width="250" height="200" allowscriptaccess="always" >
<param name="movie" value="http://halotemplates.s3.amazonaws.com/wp-cumulus-example/tagcloud.swf" />
<param name="bgcolor" value="#556632" />
<param name="flashvars" value="tcolor=0x000000&mode=tags&distr=true&tspeed=100&tagcloud=<tags>
<b:loop values='data:labels' var='label'>
<a expr:dir='data:blog.languageDirection' expr:href='data:label.url' style='12'><data:label.name/></a>
</b:loop>
</tags>" />
<p>Blogumulus by <a href='http://www.roytanck.com/'>Roy Tanck</a> and <a href='http://www.bloggerbuster.com'>Amanda Fazani</a></p>
</object>
</div>
<b:include name='quickedit'/>
</b:includable>
</b:widget>
အဆင်မပြေတာလေးများရှိခဲ့ရင်လည်း comment ကလေး ပေးခဲ့ပါဦးခင်ဗျာ ...